သခင် နားလည်သည်
ကလေးသူငယ်အချို့၌ ညညအိပ်မပျော်သည့် ပြဿနာရှိသည်။ ဤသို့ဖြစ်ရသည့် အကြောင်းရင်းများစွာ ရှိသည့်အနက် အချက်တစ်ချက်ကို ကျွန်မသမီးက ဖော်ပြခဲ့သည်။ သမီးကိုသိပ်ပြီး ပြန်လှည့်ထွက်မည်အလုပ်တွင် သမီးလေးက ‘‘သမီးက အမှောင်ကို ကြောက်တယ်’’ ဟုပြောသည်။ သူ၏ စိုးကြောက်မှုပြေလျော့သွားအောင် ကျွန်မကြိုးစား နှစ်သိမ့်ပြီး သူ့အခန်းထဲ၌ သရဲမရှိကြောင်း စိတ်ချလုံခြုံမှု ခံစားရအောင် ညမီးမှိန်မှိန်လေးကို ထွန်းပေးခဲ့သည်။
ရက်သတ္တပတ် အနည်းငယ်ကြာပြီးနောက် ခင်ပွန်း ဖြစ်သူက အလုပ်ကိစ္စနှင့် ညအိပ်ခရီး ထွက်သွားချိန်အထိ သမီးလေး၏ကြောက်ရွံ့မှုအကြောင်း သိပ်မစဉ်းစားဖြစ်ခဲ့ပါ။ ထိုည အိပ်ယာထက် လဲလျောင်းလိုက်သည်နှင့် ကျွန်မ ဘေးပတ်ပတ်လည်တွင် အမှောင်ထု စိုးမိုးသွားသည့်အလား ထင်ရသည်။ ချိုးချိုးချွတ်ချွတ် အသံကြားရ၍ ဘာများလဲဟု လိုက်ကြည့်မိသည်။ နောက်တော့လည်း ဘာမျှမဟုတ်၊ သို့သော် ဤကဲ့သို့ ကိုယ်တိုင် ကြုံရသည့်အခါမှ သမီးလေး၏ကြောက်ရွံ့မှုကို နောက်ဆုံး ကျွန်မနားလည်ခဲ့သည်။
သခင်ယေရှုသည် ဤကမ္ဘာလောက၌ လူသားအဖြစ် အသက်ရှင်နေထိုင်ခဲ့ပြီး…
ကျွန်ုပ်တို့ လိုအပ်တာထက်ပိုသော
အင်္ဂလိပ် ကျေးလက်ရှိ လယ်ကွင်းတွင် ဂျီကေ ချက်စတာတန် တစ်ယောက် ထိုင်နေရာမှ ထပြီးရယ်လိုက်သည်။ သူ့ရယ်သံက ရုတ်တရက် ကျယ်လောင်စွာ ထွက်ပေါ်လာခြင်း ကြောင့် အနီးမှ နွားများ၏အကြည့်က သူထံမှ မခွာတော့ပါ။
ခရစ်ယာန်စာရေးဆရာနှင့် ရှေ့နေဖြစ်သူ ချက်စတာတန် သည် လွန်ခဲ့သော မိနစ်အနည်းငယ်ခန့်က စိတ်မချမ်းမြေ့ဖြစ်ခဲ့ရသည်။ တစ်နေ့ခင်းလုံး ကုန်းတန်းတစ်လျှောက် ခြေဦးတည့်ရာ သွားရင်း စာရွက်အညိုပေါ်တွင် ရောင်စုံမြေဖြူနှင့် ပန်းချီ ပုံကြမ်းများ ရေးဆွဲခဲ့သည်။ ပြီးမှ သူ့အနုပညာလက်ရာ အတွက် အင်မတန်မှ အရေးကြီးသော အဖြူရောင်မြေဖြူ မပါလာသဖြင့် သူစိတ်ပျက်သွားသည်။ ခဏအကြာတွင် သူရပ်နေသည့်နေရာမှာ မြေဖြူ - အဖြူရောင်ကဲ့သို့ဖြစ်သော ထုံးကျောက်ပေါ်တွင် ရပ်နေခြင်း ဖြစ်ကြောင်း သိလိုက်ရ သဖြင့် ရယ်မိပါသည်။ ထို့နောက် ကျောက်အနည်းငယ် ချိုးဖဲ့လိုက်ပြီး ပုံဆက်ဆွဲနေခဲ့သည်။
မြေဖြူအပုံကြီးပေါ်တွင် ရပ်နေကြောင်း သိလိုက်ရသည့် ချက်စတာတန်…
အတိတ်ကို နောက်တွင် ချန်ခဲ့ခြင်း
ခရစ္စ ဘေကာ သည် ဆေးမင်ကြောင် တက်တူး ထိုးပေးသောပညာရှင်ဖြစ်ပြီး နာကျင်မှုနှင့် ကျွန်ပြုခြင်း အမှတ်အသားများကို အနုပညာလက်ရာများအဖြစ် ပြောင်းလဲပေးသည့် ပုဂ္ဂိုလ်ဖြစ်သည်။ သူ၏ဖောက်သည်များမှာ ၀ါရင့်လူဆိုးဂိုဏ်းသမားများနှင့် ဆိုင်ရာဆိုင်ရာ နာမည်၊ အမှတ်အသား၊ ကုတ်နံပါတ်များကို ကိုယ်ပေါ်၌ ထိုးထားခြင်းခံရသော လူကုန်ကူး သူများ၏သားကောင်များဖြစ်သည်။ ခရစ္စက သူတို့အပေါ်၌ ရှိသော ထိုအရာများကို ပုံရိပ်အသစ်များနှင့် ဆေးမင်ကြောင် ထိုးပေးခြင်းအားဖြင့် လှပသော အနုပညာလက်ရာအဖြစ် ပြောင်းလဲလိုက်သည်။
ခရစ္စ ဘေကာ က အရေပြားပေါ်မှာ လုပ်ဆောင် ပေးသလို၊ သခင်ယေရှုက စိတ်ဝိညာဉ်အတွက် လုပ်ပေးပါ သည်။ ကျွန်ုပ်တို့ကို အရှိအတိုင်း ယူဆောင်လျက် ပြောင်းလဲ ပေးသည်။ နှုတ်ကပတ်တော်မှ ‘‘လူမည်သည်ကား ခရစ်တော်၌
ရှိလျှင် အသစ်ပြုပြင်သောသတ္တ၀ါဖြစ်၏။ ဟောင်းသောအရာတို့သည် ပြောင်းလဲ၍ ခပ်သိမ်းသောအရာတို့သည် အသစ်ဖြစ်ကြပြီ’’(၂ ကော ၅း၁၇)ဟု ပြောထားသည်။ ခရစ်တော်ကို…
ဝေးလံခေါင်သီသည့်နေရာ
ထရစ်စတန် ဒါ ခွန်ဟာ ကျွန်းကလေးသည် အထီးကျန်စွာ သီးခြားတည်ရှိခြင်းကြောင့် တစ်မျိုးတစ်ဘာသာ နာမည်ကျော်သည်။ ၎င်းသည် ကမ္ဘာပေါ်၌ လူသူနေထိုင်မှု အနည်းဆုံး ကျွန်းကလေး တစ်ကျွန်းဖြစ်ပြီး ထိုကျွန်း၌ မှီတင်းနေထိုင်သူ လူ ၂၂၈ ဦး ရှိသည်။ ၎င်းသည် တောင်အတ္တလန္တိတ်သမုဒ္ဒရာ၌ တည်ရှိပြီး တောင်အာဖရိက၏ အနီးဆုံး ကုန်းတွင်းပိုင်းမှ ၁၇၅၀ မိုင် ကွာဝေးသည်။ အလည်အပတ် ရောက်ရှိလိုသူများအတွက် လေကြောင်းခရီးလမ်း မပေါက် သောကြောင့် ၇ ရက် လှေစီးပြီး သွားရပါသည်။
ထိုကဲ့သို့သော လူသူမနီးသည့်အရပ်တစ်ခု၌ သခင်ယေရှုနှင့် တပည့်တော်တို့သည်လည်း ဆာလောင် မွတ်သိပ်နေသော လူထောင်ပေါင်းများစွာအတွက် အံ့ဖွယ် အစားအစာများကို ပြင်ဆင်ပေးခဲ့သည်။ ထိုအံ့ဩဖွယ်ရာ နိမိတ်လက္ခဏာမပြမီ ယေရှုက တပည့်တော်တို့အား ‘‘ဤလူများကို ငါသနား၏။ သုံးရက်ပတ်လုံး ငါနှင့်အတူ ရှိကြပြီ။ စားစရာ အလျင်းမရှိ၊ အချို့တို့သည်…
ပို၍ကောင်းသောအရာ
အိမ်အပြင်ဘက်တွင် အချက်ပေးဥဩသံများ ဆူညံနေသည်။ ထိုအသံကို မသိသည့် သူငယ်လေးက ‘‘ဘာသံလဲ’’ဟု မိခင်ကို မေးလိုက်သည်။ သူမက ဒါဟာ အန္တရာယ်ရှိတဲ့ လေမုန်တိုင်းလာတော့မယ်လို့ သတိပေးတဲ့ အချက်ပေးသံပဲ။ တကယ်လို့ လူတွေက လုံခြုံတဲ့နေရာဆီ ပြေးမသွားဘူးဆိုရင် လေဆင်နှာမောင်းကြောင့် သေမှာဖြစ်တယ် ’’ ဟု ရှင်းပြသည်။ ထိုအခါ သူငယ်လေးက ‘‘အမေ၊ ဒါကဘာလို့ မကောင်းတဲ့ကိစ္စ ဖြစ်ရမှာလဲ၊ တကယ်လို့ သေသွားခဲ့ရင် လည်း
သခင်ယေရှုနဲ့ တွေ့ရမှာပဲလေ၊ မဟုတ်ဘူးလား’’ဟု ပြန်မေး လိုက်သည်။
သေခြင်းတရားက ဘာမှန်း ကလေးများ နားမလည် ကြပါ။ သို့ငြား သေခြင်းနှင့်စပ်လျဉ်း၍ ရှင်ပေါလုက သူရရှိ ခဲ့သော ဘ၀အတွေ့အကြုံများအရ ‘‘စုတေ့၍ ခရစ်တော်နှင့် အတူနေခြင်းငှာ တောင့်တလိုချင်သောစိတ်ရှိ၏။ သာ၍ အလွန်ထူးမြတ်သောအကျိုးဖြစ်၏’’ (ဖိ ၁း၂၃) ဟူ၍ ရေးခဲ့ သည်။…
သန့်ရှင်းသောစိတ်နှလုံးမှ ချီးမွမ်းခြင်း
ကျွန်မ၏ သူငယ်ချင်း မာနာ သည် နိုင်ငံခြားသို့ ခရီးထွက်စဉ် ၀တ်ပြုကိုးကွယ်ရန် ဘုရားကျောင်းတစ်ခုသို့ သွားရောက်ခဲ့ရာ၊ ၀တ်ပြုကိုးကွယ်ရန် ရောက်လာသူတို့သည် ဘုရားကျောင်းအတွင်းသို့ ၀င်လာသည်နှင့် အရှေ့ဘက်သို့ မျက်နှာမမူဘဲ အခြား တစ်ဖက်သို့လှည့်ကာ ဒူးထောက်လျက် ဆုတောင်းကြသည်ကို သတိပြုမိသည်။ ၀တ်ပြု စည်းဝေးမစမီ ၎င်းတို့သည် ဘုရားသခင်ထံ အပြစ်ကို ၀န်ချ တောင်းပန်ခြင်း ဖြစ်သည်။
ထိုသို့ နှိမ့်ချသောအပြုအမူက ဆာလံ ၅၁ မှ
‘‘ကိုယ်တော်သည် ကျိုးပဲ့ကြေမွသောနှလုံးကို ငြင်းပယ်တော် မမူတတ်ပါ’’(း၁၇)ဟု ဒါဝိဒ်မင်းကြီး ဆုတောင်းသည့် အချက်ကို သရုပ်ဖော်နေသည်။ ဒါဝိဒ်မင်းက ဗာသရှေဘနှင့် မှားယွင်းဖောက်ပြန်ခဲ့သည့် သူ့အပြစ်အတွက် နောင်တနှင့် ၀မ်းနည်းကြေကွဲရခြင်းကို ဖော်ပြခြင်းဖြစ်သည်။ အပြစ်
အတွက် အမှန်တကယ် ၀မ်းနည်းခြင်းသည် မိမိပြုသည့် အမှားနှင့်စပ်လျဉ်း၍ ဘုရား သခင်ရှုမြင်သကဲ့သို့ အမှားကိုအမှားမှန်း သေချာစွာသိခြင်း၊ ၎င်းကို မနှစ်မြို့ခြင်း၊…
အမြင့်ဆုံးသော ကွယ်ကာရာ
နေဟမိ၏ကြီးကြပ်မှုအောက်တွင် ဣသရေလအလုပ်သမားများသည် ယေရုရှလင်မြို့ မြို့ရိုး တံတိုင်းကြီးကို ပြန်လည်တည်ဆောက်နေကြသည်။ သို့သော် လုပ်ငန်းတစ်ဝက်ခန့် ပြီးစီးချိန်တွင် ရန်သူများ ယေရုရှလင်မြို့ကို တိုက်ခိုက်ရန် ကြံစည်နေကြောင်း သိလိုက် ရသည်။ ထိုသတင်းသည် မောပန်းနွမ်းနယ်နေသော အလုပ်သမားများကို စိတ်ဓာတ်ကျ အားလျော့စေခဲ့သည်။
နေဟမိအနေဖြင့် စီစဉ်စရာများ စီစဉ်ရတော့သည်။ ရှေ့ဦးစွာ ဆုတောင်း၍ မဟာဗျူဟာဆွဲလျက် အစောင့်များကို နေရာချသည်။ ထို့နောက် အလုပ်လုပ်နေသူများကို လက်နက် တပ်ဆင်ပေးသည်။ "မြို့ရိုးတည်သောသူ၊ ၀န်ထမ်းသောသူ၊
ဝန်ကိုတင်သောသူအပေါင်းတို့သည် လက်တစ်ဘက်နှင့် လုပ်ကြ၏။ လက်တစ်ဘက်နှင့် လက်နက်ကို ကိုင်ကြ၏။ တည်သောသူအပေါင်းတို့သည် ခါး၌ ဓားဆွဲလျက် တည်လုပ်
ကြ၏။" (နေဟမိ ၄း၁၇-၁၈)
ဘုရားရှင်၏နိုင်ငံတော် တည်ထောင်နေသူများသည်လည်း ၀ိညာဉ်ရေးရာရန်သူ ဖြစ်သော စာတန်ကို ဆန့်ကျင်တိုက်ခိုက်ရန် လက်နက်တန်ဆာများ တပ်ဆင်ရန် လိုအပ်သည်။ ၀ိညာဉ်တော်တည်းဟူသောဓား- တစ်နည်းအားဖြင့် ဘုရားရှင်၏ နှုတ်ကပတ်တော်သည်…
ပြန်လည်ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း
Adam Minter သည် စွန့်ပစ်အမှိုက်လုပ်ငန်းကို လုပ်ကိုင်သည်။ အမှိုက်လုပ်ငန်း ပိုင်ရှင်၏ သားတစ်ယောက်ဖြစ်သည့်အလျောက် ကမ္ဘာအနှံ့ပတ်ပြီး တိုလီမိုလီအမှိုက်များကို လှည့်ပတ်ရှာသည်။ 'Junkyard Planet' ဆိုသည့် သူရေးသားသောစာအုပ်၌ ဒေါ်လာ သန်းတစ်ထောင်မကတန်သော ပြန်လည်အသုံးပြု၍ရသည့် စွန့်ပစ်ပစ္စည်းလုပ်ငန်း အကြောင်း မှတ်တမ်းတင်ထားသည်။ သူက ကမ္ဘာတစ်ဝန်းရှိ စီးပွားရေးလုပ်ငန်းရှင်များသည့် ကြေးနီဝါယာ၊ ညစ်ပတ် နေသော ခြေသုတ်ခုံ၊ ပလပ်စတစ် အစရှိသော စွန့်ပစ်အမှိုက် များကို အသုံးဝင်သည့်ပစ္စည်းအသစ်အဖြစ် ပြန်လည် ထုတ်လုပ်ရန် စိတ်ရောကိုယ်ပါ မြှုပ်နှံရင်းနှီးကြသည်ဟု မှတ်သားခဲ့ရသည်။
တမန်တော် ရှင်ပေါလုက သူ့အသက်တာကို
ကယ်တင်ရှင်ထံ မျက်မှောက်ပြုပြီးနောက်တွင် သူ၏ အောင်မြင်မှုနှင့် စွမ်းရည်များမှာ အမှိုက်သာသာဖြစ်ကြောင်း သိမြင်ခဲ့သည်။ သို့သော် သခင်ယေရှုသည် ၎င်းတို့ကို အသစ်ဖြစ်စေရုံမျှမက အသုံးဝင်အောင် ပြောင်းလဲပေး ခဲ့သည်။ ရှင်ပေါလုက ဖိ ၃း၇-၈ တွင် "သို့သော်လည်း…
ဒုက္ခရောက်သူအတွက် နှစ်သိမ့်သက်သာရာ
ချားလ်စ်ဒစ်ကင်ဆန် ရေးသားသည့် `ဒေးဗစ်ကော့ပါးဖီး´ ၀တ္ထုမှ တူမောင် `ဒေးဗစ်ကော့ပါးဖီး´ အား ပထွေးဆိုးက အနိုင်ကျင့်ညှဉ်းဆဲရာ ကြီးတော်ဖြစ်သူက ရင်ဆိုင်ပစ်လိုက်သည့်အခန်းကို ကျွန်မသဘောကျလှသည်။
ဒေးဗစ်ကော့ပါးဖီးသည် ကြီးတော် ဘက်စီထရော့ဝု ၏အိမ်သို့ ရောက်လာရာ သူ့ပထွေး မစ္စတာ မာ့စတုန်းကလည်း မလှမ်းမကမ်းမှ လိုက်ပါ လာသည်ကို ကြီးတော်က သဘောမတွေ့ပါ။ သားအပေါ် ရက်စက်စွာ ပြုမူမှုအတွက် သူ့အပေါ် မကျေနပ်ချက်
တစ်သီကြီးကို ပထွေးခမျာ မငြင်းနိုင်အောင် ဘက်စီ ပြောချ လိုက်သည်။ ကြီးတော်၏စွဲချက်က ပြင်းထန်မှန်ကန်လွန်း သဖြင့် သာမန်ဆိုလျှင် ရန်လိုတတ်သော မစ္စတာ မာ့စတုန်း သည် ဘာတစ်ခွန်းမှ မပြောနိုင်ဘဲ ထွက်သွားတော့သည်။ ကြီးဒေါ်ဘက်စီ၏အား၊ ကောင်းမြတ်ခြင်းအားဖြင့် အဆုံး၌ ဒေးဗစ်မှာ တရားမျှတမှုကို ခံစားရတော့သည်။
ခွန်အားကြီး၍ ကောင်းမြတ်သော၊ တစ်နေ့တွင် ဤကမ္ဘာရှိအမှားအယွင်းများကို
ပြန်လည်တည့်မတ် မှန်ကန်စေမည့်သူတစ်ဦးရှိသည်။ သခင်ယေရှုပြန်လည်ကြွလာသော…
ထောင်ချောက်ကိုရှောင်
Venus flytrap အပင်သည် ၁၀ရက်အတွင်း အင်းဆက်ပိုးမွှားများကို ဖျက်ဆီးနိုင်သည်။ ၎င်း၏အရွက်များသည် ထောင်ချောက်သဏ္ဌာန်ဖွင့်ဟလျက် ၎င်းအရွက်မှထွက်လာ သည့် ၀တ်ရည်တစ်မျိုး၏အနံ့ကို ပိုးကောင်က အနံ့ခံမိပြီး အနံ့ရှိရာသို့ ချဉ်းကပ်လာ သောအခါ ထောင်ချောက်တွင်းသက်ဆင်းလျက် တစ်စက္ကန့်အတွင်း အရွက်များက ပိတ်သွားပြီး၊ ၎င်းမှထွက်လာသည့် အစာချေအရည်က ပိုးမွှား များကို ချေဖျက်တော့သည်။
ကျွန်မတို့လည်း အပြစ်သွေးဆောင်ရာသို့ လိုက်ပါမိ ပါက ဒုစရိုက်အပြစ်သည် ကျွန်မတို့ကို ဤနည်းအတိုင်း ၀ါးမြိုကြောင်း ဤအသားစားပင်အားဖြင့် ကျွန်မသင်ခန်းစာ ရသည်။ က ၄း၇ တွင် `သင်သည် မကောင်းမှုကို ပြုခဲ့သဖြင့် အပြစ်တရားသည် ... သင့်တံခါးအနီးတွင် ချောင်းမြောင်း လျက် ရှိ၏။´(ခေတ်သုံး) ဟု ကာဣန သူ့ညီအာဗြေလကို မသတ်မီ၌ ဘုရားသခင်က အထက်ပါစကားကို သတိပေး ပြောကြားခဲ့သည်။
ဖြောင့်မတ်စွာ အသက်ရှင်ရှင် မရှင်ရှင် အရေးမကြီး၊…